i-Collection

Softwares & Knowledge Bank

Error Code အမှားများ

Error code အမှားများ

400 Bad Request
အင်တာနက်မှာ လိုချင်တဲ့ webpage တစ်ခုကို ရှာဖွေတဲ့ အခါမှာ server ဟာ ရှာမတွေ့တာ၊ ဒါမှမဟုတ် အသုံးပြုခွင့်မပေးတာ ဒါမှမဟုတ် အသုံးပြုဖို့ အခွင့်အာဏာမရှိတာကြောင့် ဖြစ်ရတဲ့ အမှား တစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း စကားလုံးရိုက်တဲ့အခါမှာ ဥပမာ ‘yahoo.com’ ဆိုသလို စာလုံး အကြီး၊ အသေးကို ရောနှောရိုက်မိတာကြောင့် တွေ့ရတဲ့ အမှားမျိုးပါ။

404-Not found
လိုချင်တဲ့ စာမျက်နှာဟာ တစ်ခါတစ်လေမှာဖယ်ရှားခံထားရတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့ website တွေဟာ သတင်း တစ်ပုဒ်ကို ခဏတာ ဖော်ပြပေးပြီး ချက်ချင်း ဖယ်ရှားပစ်လိုက်တာမျိုးကြောင့် ဖြစ်နိုင်သလို password ဒါမှမဟုတ် တားဆီး၊ ပိတ်ပင်ခံရတဲ့ လိပ်စာ ဖြစ်တာကြောင့် မတွေ့ရတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ Error ဖြစ်ပါတယ်။

403-For hidden
အဓိကအားဖြင့် password လိုအပ်တာကြောင့် ဖြစ်တတ်ပြီး တစ်ခါတလေမှာ အဲဒီ website ဟာ black list မှာ ပါဝင်နေတဲ့ အတွက်ကြောင့် ISP က ခွင့်မပြုတာမျိုးဆိုရင်လဲ ‘403-For Hidden’ ဆိုပြီး အဖြူအမည်း အရောင်တွေနဲ့ webpage ရဲ့ ဘယ်ဘက်ထောင့်မှာ တွေရပါလိမ့်မယ်။

401-Unauthrized Request
တစ်ခါတလေမှာ web-page ရဲ့ရှုပ်ထွေးလှတဲ့ လိပ်စာ အတိအကျကို မှတ်မိပေမယ့် page တချို့ကိုတော့ခွင့်မပြုဘဲ ရှိတတ်ပါတယ်။ ‘ဥပမာ-www.abc.com’ ကိုတော့ ကြည့်ခွင့်ပေးပေမယ့် နောက်ဆက်တွဲ http://www.abc.com/member_login.php ဆိုတာမျိုးကိုတော့ ကြည့်ခွင့်ရရှိဖို့ လုံလောက် တဲ့ password နဲ့ username ရှိရပါမယ်။

503 service Unavailable
Unavailable ဆိုတာဟာ ခံနိုင်ရည်ထက် ကျော်လွန်ပြီး ခိုင်းစေတာမျိုး ဖြစ်ပါတယ်။ ဥပမာ ‘yahoo.com’ website ကို spam တွေနဲ့ ပိတ်ဆို့နေခဲ့ချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တခြား yahoo သုံးစွဲသူတွေဟာ yahoo ကို ၀ိုင်းဝန်း access လုပ်ကြတဲ့အတွက် server ဟာ ရုတ်တရက်မှာ အလုပ်များပြီး down သွားခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုး ကို Google လည်း တစ်ခါတလေ ဖြစ်တာကြုံတွေ့ခဲ့ရဖူးပါလိမ့်မယ်။

proxy server is refusing
ကိုယ်ရဲ့ကွန်ပျူတာကို internet ချိတ်ဆက်ပေးတဲ့ modem နဲ့ သွယ်တန်း ထားတဲ့ server ကွန်ပျူတာဆိုတာရှိပါတယ်။ ( အိမ်သုံး user တွေ အတွက် ကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ပီစီဟာ server ဖြစ်နိုင်ပါတယ်။ ) အဲဒီ server ကွန်ပျူတာကနေ ပြန်လည်ပြီး network ခွဲဝေပေးတဲ့အခါမှာ server မှာ ip address ထည့်သွင်းတာ မှားယွင်းနေခဲ့ရင် ‘Proxy server is refusing’ ဆိုပြီး ပေါ်နေတတ်ပါတယ်။
( ဥပမာဆိုရင် bagan cyber tech ခွင့်ပြုထားတဲ့ proxy IP ဟာ ‘cache_dsl.bagan.net.mm’ ဒါမှမဟုတ် အဲဒီလို ခပ်ဆင်ဆင်လိပ်စာမျိုးဖြစ်ပါလိမ့်မယ်။)

ဇေယျာစံ
Knowledge 1000+
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ ဧပြီလ၊ အမှတ် ၁၇၀)

June 14, 2008 - Posted by | Knowledge

No comments yet.

Leave a comment