i-Collection

Softwares & Knowledge Bank

Ultrasurf

Ultrasurf ဆိုတာ Your Freedom လိုမျိုး

Ultrasurf ဖြင့် အင်တာနက် အသုံးပြုခြင်း

Ultrasuf ဆိုတာ Your Freedom လိုမျိုး အသုံးပြုလို့ရတဲ့ software လေးပါ။ ဒီ ဆော့ဝဲ လေး ကို ကျွန်တော် သုံးဖူးတာ ကြာပါပြီ။ သူ့ကို သုံးရတာ Your Freedom ထက်ပို ပြီးတော့ လွယ်ကူ ပါတယ်။ ဒါ့အပြင် သူ့ရဲ့ file size ကလဲ aသး ပါတယ်။ Your Freedom ဆိုရင် Java ပါပါတဲ့ installer ရဲ့ ဆိုဒ်က တော်တော် ကြီး ပါတယ်။ Ultrasurf က Your Freedom လောက် မလေးပဲ ပေါ့ပေါ့ ပါးပါး ရှိပါတယ်။ Memory လဲ သိပ်မစားပါဘူး။ ဒါပေမယ့် ကျွန်တော် Your Freedom ကို မစွန့်လွှတ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ https နဲ့ ၀င်ရတဲ့ ၀က်ဆိုဒ်တွေအတွက် တခါတရံ (အမြဲမဟုတ်) အဆင် မပြေတတ်လို့ပါ။ သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် စသုံး ခဲ့ဖူး ပါတယ်။ ဘယ်လိုမှ ၀င်လို့မရတဲ့ အခါမျိုးတွေ မကြာ မကြာ ကြုံခဲ့ ရတဲ့ အတွက် Your Freedom ပဲ ပြန်သုံးဖြစ်ခဲ့ပါတယ်။အခု နောက်ပိုင်း ပြန်သုံး ကြည့်မိတော့ အဆင် ပြေပြေ connect လုပ်လို့ ရနေ ပြန်ပါတယ်။ Your Freedom လောက်တော့ ၀က်ဆိုဒ်တွေ အားလုံးကို အဆင် ပြေပြေ ၀င်လို့ မရပါဘူး။ ဒါတွေ ပြောနေလို့ စာဖတ် သူ့ကို မသုံး သင့်ဘူးလို့ မဆိုလိုပါဘူး။ပေါ့ပေါ့ ပါးပါး၊ လွယ်လွယ် ကူကူ သုံးလို့ရတဲ့ အပြင် Your Freedom ထက် speed ပိုမြန်တဲ့ ဒီ software လေးကို မသုံး ဖူး သေးရင် စမ်းသုံး ကြည့်သင့် လှပါတယ်။သူ့ကို သုံးချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။

http://www.ultrareach.com/company/download.htm ကိုသွားပြီး ဒေါင်းလုဒ်လုပ်ပါ။

ရလာတဲ့ zip file ထဲက ဖိုင်လေးကို harddisk တစ်နေရာရာမှာ ကူးပါ။သူ့ကို run ပါ။

Manual Setting ကို ရွေးပါ။ Proxy Host မှာ 203.81.71.111 နဲ့ Proxy Portမှာ 9090 ရိုက်ပါ။ (စာဖတ်သူ့ ISP ရဲ့ Proxy address ကိုရိုက်တာပါ။)

Connect ဖြစ်သွားရင် status မှာပြပေး ပါလိမ့် မယ်။

IE လေးပွင့်လာရင် သုံးလို့ရပါပြီ။ (ကျွန်တော်သုံးကြည့်မိသလောက်တော့ IE7 မှာ ကိုယ်ဘာသာ 127.0.0.1 နဲ့ 9666 ဆိုပြီး ကိုယ်ဘာသာ ပြန်ပြင်ပေးရပါတယ်)

Firefox မှာ သုံးချင်ရင် Your Freedom သုံးရင် ပြင်ပေးရသလိုမျိုး ပြင်ပေးရပါတယ်။ သူ့ရဲ့ address ကတော့ 127.0.0.1 နဲ့ Port 9666 ပါ။

Blogger Lay Blog မှ ကူးယူဖေါ်ပြသည်။

FoxyProxy

FoxyProxy Posted on December 11th, 2007 by Blogger Lay Your Freedom အကြောင်းနဲ့ Ultrasurf အကြောင်း ကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ သူတို့ကို အသုံးပြုတဲ့အခါ Proxy နံပါတ်တွေကို သွားသွားရိုက်နေ ရတာကို သတိထား မိကြ ပါလိမ့်မယ်။ Your Freedom သုံးချင်ရင် localhost:8080 ပြောင်းရလိုက် Ultrasurf သုံးချင်ရင် 9666 ပြောင်းရလိုက် ပုဂံပြန်သုံး ချင်ရင် 203.81.71.111:9090 ပြန်ပြောင်းရလိုက်နဲ့ တော်တော်လေး အလုပ်ရှုပ်ပါတယ်။ အဲဒီ့လို အလုပ်မရှုပ်အောင် Firefox မှာ Extension လေးတစ်ခုရှိပါတယ်။ သူကတော့ FoxyProxy ပါ။FoxyProxy သုံးချင်ရင် ဒီလိုလုပ်ပါခင်ဗျာ။

  • ဒီကနေ ပြီး FoxyProxy ကို ရယူပြီး သွင်းပေးပါ။Restart လုပ်ပါ။
  • Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ FoxyProxy ဆိုတဲ့ စာလေးကို right click ပါ။ options ကို ရွေးပါ။
  • Add New Proxy ကို နှိပ်ပါ။
  • Proxy Name မှာ YF လို့ရိုက်ပါ။ ( ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ် )
  • Proxy Details tab ကို ၀င်ပါ။
  • Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 8080 လို့ ရိုက်ပြီး OK ကို ရိုက်ပေးပါ။ “You didn’t enter….” ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ် ပေးပါ။
  • Add New Proxy ကို နှိပ်ပါ။
  • Proxy Name မှာ US လို့ရိုက်ပါ။ ( ကြိုက်တဲ့ နာမည် ရိုက်လို့ ရပါ တယ်။ )
  • Proxy Details tab ကို ၀င်ပါ။
  • Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 9666 လို့ ရိုက်ပြီး OK ကို နှိပ်ပါ။ “You didn’t enter….” ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
  • OK နှိပ်ပြီးပိတ်လိုက်ပါ။

ဒါဆိုရင်တော့ သုံးလို့ရသွားပါပြီ။ Your Freedom သုံးချင်လာတဲ့အခါ FoxyProxy ကို Right click နှိပ်။ YF ကိုရွေးလိုက်ရုံပါပဲ။ Ultrasurf သုံးချင်လာရင် US ကို ရွေးလိုက်ရုံပါပဲ။ ပုဂံပဲ ပြန်သုံးမယ်ဆိုရင် Completely disable FoxyProxy ကို ရွေးလိုက်ရုံပါပဲ။

June 14, 2008 - Posted by | Freeware, Knowledge, Software

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: