i-Collection

Softwares & Knowledge Bank

Firmware & BIOS

Firmware

Firmware ဆိုတာ hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာအားဖြင့် micro controller လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း Firmware က hardware နဲ့ software ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ software လိုပဲ ၎င်းဟာ micro processor ဒါမှမဟုတ် micro controller က လည်ပတ် လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ် တစ်ခုဖြစ်တယ်။ ဒါပေမယ့် hardware ပိုင်းအစနဲ့ တင်းကျပ်စွာ ချိတ်ဆက်နေတဲ့ အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။

ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ သူတို့ကိုယ်နှိုက်က ကိုယ်ပိုင် software ကို run တဲ့ အထူးပြု ကွန်ပျူတာ တွေ ဖြစ်တယ်။ ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း software (“firmware”) သိမ်းဆည်း ပါရှိတယ်။ ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ firmware ကို အိမ်ရှင် host system မှ ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ် ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ တွေက တွေ့ရှိလာတယ်။ ရလဒ် အဖြစ် လက်ရှိ hardware အများစုဟာ ၎င်းလိုအပ်တဲ့ Firmware ကို host ကွန်ပျူတာတွေထဲ မသွင်းမချင်း အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ ဒီလို Firmware အလုပ်ဝန်ကို device driver ကကိုင်တွယ်ပေးပါတယ်။

BIOS

Basic Input / Output System IBM PC တွေမှာ ပါဝါ ဖွင့်လိုက်စဉ် run တဲ့ Firmware code ကိုရည်ညွှန်းပါတယ်။ BIOS ရဲ့ ပင်မ လုပ်ငန်း ဆောင်တာက hardware,floppy နဲ့ optical drives လို hardware အစိတ်အပိုင်းတွေ ဖော်ထုတ် နှိုးဆွ ပေးဖို့ရာပဲ။ မီဒီယာ အမျိုးမျိုးအပေါ် သိုလှောင် ထားတဲ့ အခြား software ပရိုဂရမ်တွေ အနေနဲ့ ခေါ်တင်၊ လုပ်ဆောင်၊ PC အပေါ် ထိန်းချုပ်မှု ရယူနိုင်စေဖို့ရာ စက်ကို ပြင်ဆင်ပေးခြင်းဖြစ်တယ်။ ဒီနည်းစဉ်ကို booting, booting up လို့ ခေါ်ကြတယ်။

ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၇၅

September 12, 2008 - Posted by | Knowledge

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: