i-Collection

Softwares & Knowledge Bank

Online မှာ File တွေ သိမ်းကြမလား ???

File တွေ သိမ်းကြမယ်…

File တွေကို နေရာတကာ သယ်သွားရတဲ့ ခေတ်က ကုန်သွားပါပြီ။ အခုဆိုရင် မိတ်ဆွေတို့ရဲ့ File တွေ၊ Data တွေ၊ Movie တွေ၊ MP3 တွေ အစရှိတဲ့ အမျိုးမျိုးသော file တွေကို အလွယ်တကူ Upload တင်နိုင်ပြီးတော့ အချင်းချင်းလည်း မျှဝေသုံးစွဲနိုင်စေဖို့ အခမဲ့ ဝန်ဆောင်မှုပေးနေတဲ့ file hosting website တွေ အများအပြား ပေါ်ပေါက်လာခဲ့ပါပြီ။ Data သိမ်းဆည်းမှု ပမာဏကိုလည်း အနည်းဆုံး 1GB ကနေစပြီး 5 GB အထိ ခွင့်ပြုလာကြပါတယ်။

ယေဘုယျအားဖြင့်တော့ အဲဒီ hostin site တွေဟာ နည်းစနစ်ပိုင်းမှာ နှစ်မျိုးခွဲပြီး ဝန်ဆောင်မှုပေးနေကြပါတယ်။ ဒါပေမယ့် အချို့သော site တွေကတော့ နည်းစနစ်နှစ်မျိုးစလုံးကို အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ အဲဒီ နည်းစနစ် နှစ်မျိုးကတော့ –

File hosting account – ဒီအမျိုးအစားကတော့ online မှာ file တွေ သိမ်းဆည်းဖို့အတွက် user တွေကိုယ်တိုင် account တစ်ခုကို create လုပ်ပြီး online hard drive တစ်ခုလိုမျိုး အသုံးချတဲ့နည်းပါ။ file တွေကို မိမိ account ယူထားတဲ့နေရာ သို့မဟုတ် website ထဲကို upload တင်နိုင်ပြီး file sharing လည်း လုပ်နိုင်ပါတယ်။ ဒီနည်းလမ်းလေးဟာ မိမိရဲ့ Private File တွေကို တစ်ခြားသူတွေဆီ သို့မဟုတ် တစ်ခြား Site တွေ၊ Blog တွေမှာ သုံးချင်တဲ့အခါ သူ့ရဲ့ URL ကို ကိုယ်ယုံကြည်စိတ်ချ ရတဲ့ လူဆီကို Private Link တစ်ခုအနေနဲ့ ချိတ်ဆက်ပြီး Share လုပ်ဖို့အတွက် အသုံးဝင်ပါတယ်။

မှတ်ချက် ။ ။ အောက်ဖော်ပြပါ Site List ထဲတွင် ငွေကြေးဖြင့်သာ ဝန်ဆောင်မှုပေးသည့် Site များ မပါဝင်ပါ။

File Hosting Sites: Max. Upload Size Additional Comments (on free accounts)
4Shared.com 100 MB Files deleted after 30 days no login. 5 GB max total per account.
35MB.com 35 MB 35 MB account limit.
AllMyData.com 1 GB 1 GB monthly limit bandwidth.
Anywhere Enterprises 50 MB Limit of 50 daily downloads.
Atgig.com 1 GB 100 GB monthly bandwidth limit.
AxiFile.com 200 MB Supports FTP.
Badongo.com 1 GB 12 GB/day limit on free ‘member’ accounts. Inactive files deleted after 90 days.
BigFilez.com 200 MB Inactive files deleted after 30 days.
BigUpload.com 500 MB Inactive files deleted after 30 days.
BigRoad.net no limit Apparently no limits on files whatsoever.
Bonpoo.com 250 MB No music or movie files (*.RAR files OK?)
Box.net 10 MB 10 MB? – good for one song, we guess.
BOXSTr.com 250 MB 500 MB daily download limit on free 5 GB accounts.
Come2Store 30 MB Inactive files deleted after 20 days.
Datenklo.net 250 MB Inactive files deleted after 60 days.
DepositFiles 300 MB On registered accounts, automatic file splitting into 100 MB RARs.
divShare.com 200 MB 5 GB free storage, 50 GB monthly bandwidth, files never expire.
DropSend.com 1 GB 5 sends per month limit (1 GB each max.), 250 MB free online storage.
Easy-Share 100 MB FTP and remote access support.
EgoShare.com 300 MB Inactive files deleted after 30 days.
esnips.com unknown 5 GB storage on free accounts.
flyupload.com 2 GB Huge 2 GB limit per file! Inactive files deleted after 60 days.
filecloud.com 25 MB 200 KB/s speedcap on free accounts.
FileDen.com 50 MB 1 GB storage space, 5 GB monthly max. bandwidth.
FileFactory.com 300 MB Upload up to 25 files at the same time on registered free accounts.
FileForwarding 50 MB Supports only ZIP and RAR files.
FileFront.com 1 GB Passworded archives are deleted.
FilePoint 500 MB 60 day retention on inactive files.
Files.to 150 MB Multiple upload file support.
FileUL.com 25 MB All services are completely free of charge.
FileUPYOURS 100 MB Archives files are recommended.
FreeFileUpload 50 MB 50 MB per file, 500 MB max. total.
FreeWebTown 1 GB 1 GB total storage limit.
GigaSize.com 300 MB 600 MB file limit for free registered accounts.
HotLinkFiles 50 MB 1 GB storage, 8 GB monthly max. transfers.
JumboFile.com 100 MB Inactive files are deleted after 10 days.
JustUpIt.com 170 MB Not much else is known.
KeepMyFile.com 60 MB 300 MB total limit. Supports image hosting. Files are deleted after 40 days of inactivity.
Load.to 300 MB No bandwidth restrictions on downloads.
mailbigfile.com 100 MB Works via email notifications. Files are deleted with 3 days upon non-download.
megarotic.com 500 MB Inactive files deleted after 21 days – use the ‘video’ feature to view submissions.
MegaShare.com 50 MB No limit on # of files able to be uploaded.
MegaShares.com 1.5 GB Supports uploading of entire folders.
MegaUpload.com 500 MB 90 day file holding on free registered accounts; 21 days for anonymous uploads.
MediaFire.com 1 GB Great services. Supports image hosting, folder sharing and online directories.
Mediamax.com 10 MB 25 GB Storage, 1 GB monthly bandwidth allowance, 10 MB max. file size sharing.
Nakido.com 99 GB 99 GB limit with a 50-year file retention. Could all this really be true?!
OSCDN.com 100 MB Inactive files deleted after 30 days.
QuickSharing 500 MB Inactive files deleted after 30 days.
RapidShare.com 100 MB No limit to # of uploaded files.
RapidShare.de 300 MB Supports multi-uploads.
RapidUpload 300 MB Inactive files deleted after 30 days.
Savefile.com 60 MB 100 MB file limit for free registered accounts.
SaveFiles.net 90 MB Neat feature – browse the latest uploads.
SenditAnywhere 1 GB Works via email notifications. Files are deleted with 7 days upon non-download.
SendMeFile.com 50 MB Inactive files deleted after 14 days.
SendSpace.com 300 MB Inactive files deleted after 7 days.
SendThisFile none? Requires registration. Apparently no limit on file sizes – works via email notification.
SimpleUpload 300 MB Supports a “FreeFolders” option for storage.
SnapDrive.net 500 MB Has online storage as well as 1-click uploading support. Fast upload!
SpeedShare.org 200 MB Supports multiple simultaneous uploads.
Speedy Share 30 MB Small upload file size limit.
Spread-It.com 500 MB Inactive files deleted after 14 days.
TinyLoad.com 100 MB Good service that uploads files to 4 popular 1-click hosting sites. Great for warez!
Transfer BF 1 GB Minimum 5 day storage.
TurboUpload 100 MB Supports email notification of uploaded files.
UltraShare.net 50 MB Supports email notification of uploaded files.
Up-File.com 1 GB No time limit on held files.
UploadPower 100 MB Supports multiple uploading formats.
WooFiles.com 1 GB No limit on # of uploaded files.
WebFileHost 500 MB Inactive files deleted after 30 days.
YaStorage.com 1 GB Good upload speeds, free 1 GB file service.
YouSendIt.com 100 MB 100 max. downloads per file, 1 GB max. bandwidth per file. Lame!!
zSHARE.net 100 MB Inactive files deleted after 60 days.
zUpload.com 500 MB Inactive files deleted after 30 days, no limit on uploaded files.

September 14, 2012 Posted by | Knowledge, Web Site | | Leave a comment

ဆက်လက်ဖတ်ရှုရန်

ကျွန်တော့် Blog ကို ဝင်ရောက်ဖတ်ရှု လေ့လာသူများအနေနဲ့ ကျွန်တော့ရဲ့ အခြား Blog တစ်ခုဖြစ်တဲ့ http://readtwo.weebly.com တွင် ဆက်လက် ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။ ဤ Blog တွင် ပါဝင်သော Item အားလုံး iblogger တွင် ရေးသား ဖော်ပြထားပါကြောင်းကိုလည်း ထပ်မံ အသိပေးအပ်ပါတယ်။

အားလုံးကို အစဉ်လေးစားလျက်……

http://uth.iblogger.org

နှင့်

http://utilities-knowledgebank.blogspot.com

တို့တွင်လည်း ဆက်လက်

လေ့လာနိုင်ပါတယ်။ အထက်ဖော်ပြပါ Website နှစ်ခုအပြင် ယခု i-Collection blog တွင်ပါ

ဆက်လက်ရေးသားသွားမည် ဖြစ်ပါကြောင်း လေးစားစွာ

အသိပေးအပ်ပါသည်။

ကိုကျော်သူလင်း (ktlinnstar)

August 31, 2009 Posted by | News | Leave a comment

Website Checking

Website တွေကို စိစစ်မယ်

ဒီတစ်ခါတော့ မိတ်ဆွေတို့ကို Windows ကွန်ပျူတာမှာ DNS Mapping လုပ်တဲ့အခါ အသုံးဝင်တဲ့ Hosts ဖိုင်လေးအကြောင်းကို ပြောပြပေးပါ့မယ်။

DNS Mapping ဆိုတာက IP Address နဲ့ Domain Name ကို ကိုက်ညှိပေးတဲ့သဘော ဖြစ်ပါတယ်။ Windows စနစ်သုံး ကွန်ပျူတာတွေမှာ Hosts ဖိုင်တစ်ခုရှိတတ်ပြီး အသုံးပြုတဲ့ Operating System ပေါ်မူတည်လို့ Hosts ဖိုင်ရဲ့နေရာ ကွဲပြားလေ့ရှိပါတယ်။ Hosts ဖိုင်ထဲမှာ DNS Mapping လုပ်ဖို့ ရေးသားထားပြီး ဒီ Hosts ဖိုင်ကို အသုံးပြုကာ Website တွေကို စိစစ်လို့ရပါတယ်။ ဒီ Hosts ဖိုင်ကို အသုံးပြုပြီး မလိုလားအပ်တဲ့ Website တွေကို ကြည့်လို့မရအောင် ကာကွယ်လို့ရသလို Website ကြည့်တဲ့အခါ အချိန်ကြာမြင့်စေတဲ့ ကြော်ငြာ Website တွေကိုလည်း ပိတ်ထားနိုင်မှာပါ။ Windows XP မှာဆိုရင် Hosts ဖိုင်ကို C:\Windows\system32\Drivers\etc အောက်မှာ တွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီ Hosts ဖိုင်ဟာ Read Only အနေအထား ဖြစ်နေတတ်တဲ့အတွက် ပထမဆုံးအနေနဲ့ ပထမဆုံးအနေနဲ့ Hosts ဖိုင်ကို Right-click နှိပ်ပြီး Properties ကနေ Read Only ကို ဖြုတ်ပစ်ရပါမယ်။ ပြီးရင်တော့ Hosts ဖိုင်ကို Notepad နဲ့ဆက်ဖွင့်လိုက်ပါ။

အခု ဆက်လုပ်ရမယ့်အပိုင်းကတော့ Website တစ်ခုကို ကိုယ့်စက်မှာ ကြည့်လို့မရအောင် လုပ်တဲ့အပိုင်းပါ။ ဥပမာအနေနဲ့ http://www.bagan.net.mm ကို သင့်ကွန်ပျူတာမှာ ကြည့်လို့မရအောင် လုပ်ချင်တယ်ဆိုပါစို့။ ဒါကို ဘယ်လိုလုပ်လို့ရမလဲ၊ သိပ်ခက်ခဲမှာလားလို့ သင့်အနေနဲ့ မေးစရာရှိပါတယ်။ ဒီလို Website ကို ဖွင့်လို့မရအောင် လုပ်တဲ့ကိစ္စက သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့အတိုင်း Hosts ဖိုင်ထဲမှာ ရိုက်ထည့်ပြီး ဖိုင်ကို Save လုပ်လိုက်ပါ။ ပြီးရင် စက်ကို Restart ပြန်လုပ်ကြည့်လိုက်ပါ။ ဒါဆိုရင် ခုနက IP Address ဟာ DNS Mapping လုပ်ပြီးသား ဖြစ်သွားပါပြီ။ မိတ်ဆွေတို့အနေနဲ့ Browser တစ်ခုခုကို ဖွင့်ပြီး ခုနက Web Address ကို ပြန်ရိုက်ထည့်လိုက်မယ်ဆိုရင် အဲဒီ Website ကို ကြည့်လို့မရတော့တာကို မြင်တွေ့ရမှာပါ။

Hosts Code

ဒီလိုနည်းနဲ့ ကိုယ်မကြည့်စေချင်တဲ့ Website တွေကို စိစစ်ထားလို့ရပါတယ်။ မိတ်ဆွေတို့အနေနဲ့ Website တွေကို စိစစ်နိုင်ဖို့အတွက်ကတော့ Spybot က Browser Hijack တွေပါတဲ့ Website လိပ်စာစာရင်းနဲ့ mvps.org က ပြုစုထားတဲ့ ကြော်ငြာ Website စာရင်းတွေကို တစ်စုတည်းပေါင်းစည်းထားတဲ့ Hosts ဖိုင်ကို http://www.mmtimes.com/download/hosts မှာ ရယူနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ ကိုယ်မကြည့်စေချင်တဲ့ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Website တွေကို အပေါ်မှာ ဖော်ပြပေးထားတဲ့ နည်းလမ်းလေးကို အသုံးပြုပြီး ဖွင့်လို့မရအောင် လုပ်ဆောင်နိုင်ပါပြီ။

…….အားလုံးအဆင်ပြေကြပါစေ…….

August 31, 2009 Posted by | Knowledge, Web Site | , | Leave a comment

Important Facts for Laser Printer

Laser Printer သုံးစွဲသူများ လိုက်နာရန် အချက် (၅) ချက်

Laser Printer ဝယ်ယူသုံးစွဲသူများ အနေနဲ့ မိမိ Printer ကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် အောက်ပါ အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

၁။ တစ်ကြိမ်ထုတ်လျှင် စာရွက် (၂၀) ထက် မပိုရ။

နံပါတ်တစ်အချက်ကတော့ Printing လုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အချက်ပါ။ စာရွက်တွေ အများကြီးကို တစ်ခါတည်း Command ပေးပြီး မထုတ်သင့်ပါဘူး။ အဲဒီလို ထုတ်မယ်ဆိုရင် Printer က Heat တက်လာပြီး Fuser Unit လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ Fuser မလောင်ရင်တောင် စာရွက် တွေမှာ အပူအရမ်းများတဲ့အတွက် Roller မှာ လိပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် စာရွက်တွေ အများ ကြီးကို Print လုပ်မယ်ဆိုရင် အရွက် (၂၀) စီလောက်ကို ခွဲ ခွဲပြီး Command ပေး ထုတ်သင့်ပါတယ်။

၂။ စက္ကူ အကြမ်းများကို အသုံးမပြုရ။

နံပါတ်နှစ်အချက်ကတော့ အသုံးပြုမယ့် စာရွက်ရဲ့ Quality ကိုပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို စာရွက် အကြမ်းတွေ၊ အညံ့တွေမှာ မိမိကိုယ်တိုင် သတိမပြုမိ၊ မမြင်မိဘဲ ဝါးဖတ်ကလေးတွေ၊ အဖုအထစ်ကလေးတွေ ပါလာတတ်ပါတယ်။ ဒါကို သတိမပြုမိဘဲ အသုံးပြုမိတဲ့အခါမှာ Cartridge အတွင်းက Drum တို့၊ Blade တို့ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၃။ UPS ဖြင့် တွဲဖက် အသုံးပြုပါ။

နံပါတ်သုံးအချက်ကတော့ Power ပိုင်းပါ။ မိမိဝယ်ယူတဲ့ Laser Printer ရဲ့ Power အသုံးပြုမှုအပေါ် မူတည်ပြီး UPS ကို တွဲဖက်အသုံးပြုသင့်ပါတယ်။ အကယ်၍ UPS နဲ့ တစ်ဆင့်ခံအသုံးမပြုမိခဲ့ဘူးဆိုရင် ရုတ်တရက် မီးအားမငြိမ်တာတို့၊ မီးပျက်သွားတာ တို့နဲ့ဆိုရင် Printer ပါဝါကဒ်ပေါ်မှာရှိတဲ့ IC Chip တွေ လောင်သွားနိုင်ပါတယ်။

၎။ Printer အဖုံး၊ အစွပ်တို့ကို အသုံးပြုပါ။

နံပါတ်လေးအချက်ကတော့ မိမိ Printer ကို လုံလုံခြုံခြုံထားဖို့ပါ။ အဲဒီအတွက်ကတော့ အဖုံး (သို့မဟုတ်) အစွပ် တွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ မိမိကိုယ်တိုင် သတိမထားမိဘဲ Papaer Trail ထဲကနေတစ်ဆင့် ကြွက်တွေဝင်ပြီး Circuit တွေပေါ်မှာ အညစ်အကြေးတွေ စွန့်သွားတတ်ပါတယ်။ အဲဒါကို User အနေနဲ့ သတိမပြုမိဘဲ ဆက်ပြီး အသုံးပြုခဲ့မယ်ဆိုရင် Circuit တွေ Shock ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။

၅။ Online Error ဖြစ်လျှင် အသုံးမပြုရ။

နံပါတ်ငါးအချက်ကတော့ Online Error ပါ။ Printer မှာ Online Error ဖြစ်လာရင် လုံးဝ အသုံးမပြုပါနဲ့။ ဒါကော ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ လွယ်ပါတယ်။ Printer မှာ ရှိသမျှ မီးတွေအားလုံး လင်းလာတာတို့၊ ခြစ်ခြစ်တောက်ပူလာတာတို့ ဖြစ်လာရင် Online Error ဆိုတာ သိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ Printer ကို လုံးဝ မသုံးသင့်တော့ပါဘူး။

ကိုကျော်သူလင်း

September 13, 2008 Posted by | Knowledge | Leave a comment

Admin Password မေ့သွားလား

Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။

၁။ Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ်။

Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။

Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။

Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type 2 မျိုး ရှိပါတယ်။

၁။ Administrator Type နဲ့
၂။ Limited Type ပါ။

ဆက်လက်ဖတ်ရှုရန် ….. Continue reading

September 12, 2008 Posted by | Knowledge | 2 Comments

Media Converter သုံးကြည့်ရအောင်

Format Factory 1 (Video Converter)

အခမဲ့ ရယူနိုင်တဲ့ Freeware ဖြစ်ပြီးတော့ ဘယ်လိုကန့်သတ်ချက်တွေမှ မရှိပါဘူး။ Windows NT/ 2000/ XP/ 2003 Server နဲ့ Vista တို့ရှိရင် သုံးစွဲနိုင်ပါတယ်။

FormatFactory ဟာ multifactory Media converter ဖြစ်ပြီး Video format တွေဖြစ်တဲ့ MP4/ MPG/ AVI/ WMV/ FLV/ SWF ဖိုင်တွေ၊ Audio format တွေဖြစ်တဲ့ MP3/ WMA/ MMF/ AMR/ OGG/ M4A/ WAV ဖိုင်တွေအပြင် ဂရပ်ဖစ်အတွက် JPG/ BMP/ PNG/ IJF နဲ့ ICO တို့ကို support လုပ်ပါတယ်။ ဖိုင်တွေအတွက် iPod/ iPhone/ PSP/ Black Berry format တွေကို support ပြုလုပ်ပေးနိုင် ပါတယ်။

September 12, 2008 Posted by | Freeware, Software | 2 Comments

Send To မှာ နေရာသစ်

Send To မှာ ပို့ချင်တဲ့ နေရာသစ်ကို ထည့်ပေးနိုင်ပါတယ်

အမေး

ပုံ သို့မဟုတ် ဖိုင်တစ်ဖိုင်ကို မောက်စ် ညာကလစ် နှိပ်ပြီး ပေါ်လာတဲ့ menu များထဲက Sent To ကို ရွေးချယ်ကာ တစ်နေရာကို တိုက်ရိုက် ပို့နိုင်တာကို သိပါတယ်။ ကျွန်တော် တွေ့တာက Desktop, My Documents, CD drive စသည် ပို့စရာနည်းနည်းပဲ ရှိနေပါတယ်။ ဆိုလိုတာက ကျွန်တော် တည်ဆောက်ထားတဲ့ ကိုယ်ပိုင် ဖိုလ်ဒါ တစ်ခုခုသို့ Send To နဲ့ ပို့ချင်ပါတယ်။ နည်းလမ်း ရေးပေးပါခင်ဗျား။

အဖြေ

နည်းလမ်းက လွယ်ပါတယ်။ ကိုယ်ပိုင် ဖိုလ်ဒါ တစ်ခုကို တည်ဆောက်ထားပါ။
– Start/Run… ကနေ တစ်ဆင့် sendto လို့ရိုက်ထည့်ပေးပါ။ OK ကို နှိပ်လိုက်ပါ။
– ပေါ်လာတဲ့ box မှ File ကို ကလစ်လုပ်ပြီး New ကို ရွေးချယ်ပါ။
– Shortcut ကို ကလစ်လုပ်ပါ။
– ပေါ်လာတဲ့ box ကနေ တည်ဆောက်ထားတဲ့ ဖိုလ်ဒါ ရှိရာသို့ ညွှန်းလိုက်ပါ။ Next ကိုနှိပ်ပါ။
– Shortcut အမည်ပေးပြီး Finish ကို နှိပ်လိုက်ပါ။ Send To ထဲမှာ ကိုယ်ပိုင် ဖိုလ်ဒါသို့ ပို့နိုင်တဲ့ shortcut ရောက်လာပါလိမ့်မယ်။
အခု ပုံ၊ ဖိုင် စသည်တို့ကို မောက်စ် ညာကလစ်နှိပ်ပြီး မိမိရဲ့ ကိုယ်ပိုင် ဖိုလ်ဒါ သို့ တိုက်ရိုက် Send To နှိုင်ပါပြီ။ အခြား နေရာများသို့ လည်း shortcut များ တည်ဆောက်ပြီး ပို့နိုင်ပါတယ်။

ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၇၅

September 12, 2008 Posted by | အမေး > အဖြေ, Knowledge | Leave a comment

နောက်ဆုံးသိထားသမျှ

Mozilla ရဲ့အောင်မြင်မှု

Mozilla အနေနဲ့ Guinness World Records နယ်ပယ်မှာ မှတ်ကျောက်တင်လိုက်ပြီ ဖြစ်တယ်။ ဇူလိုင်လမှာ ၂၄ နာရီအတွင်း Firefox 3.0 ကို download လုပ်ယူသူပေါင်း ၈ သန်းကျော် ရှိခဲ့ပြီးနောက် Guinness က Mozilla အပေါ် ပေးအပ် ချီးမြှင့်ခဲ့တယ်။ ဒီနေ့ browser သစ်ရဲ့ download ရယူမှုက သူ့အသိုင်းအဝိုင်းကြားမှာ ရှေ့ ဆုံးက ပြေးနေတယ်ဆိုတဲ့ သဘောကို ပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ Mozilla ရဲ့ အဆိုအရ ကမ္ဘာ့ browser ဈေးကွက် ရှယ်ယာမှာ ၁၉ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်မယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ်။

google ကသုံးခွင့်ပေးတဲ့ Ratproxy security tool

Google ကအခမဲ့ ထုတ်ပေးလိုက်တယ်။ Cross-site scripting attack တွေ အပါအဝင် Webbased application တွေအတွက် လုံခြုံမှုကိစ္စကို စစ်ဆေး စမ်းသပ်လိုရင် အသုံးချနိုင်တယ်။ Google က Michal Zalewski ကရေးသားပြီး လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာ အဖွဲ့ က တီထွင်ပေးခဲ့တဲ့ Open-Source Ratproxy ပဲ ဖြစ်တယ်။ တရားဥပဒေ ဘောင်အတွင်းက ဆောင်ရွက်ချက် ဟုတ်မဟုတ် ဆန်းစစ်ပေးဖို့နဲ့ အပြစ်အနာအဆာ ရှိနေတဲ့ နေရာကို ထောက်ပြပြီး မှတ်ချက် ပြုပေးပါလိမ့်မယ်။ Ratproxy က Apache 2.0 အောက်ကနေ လိုင်စင် ယူထားတာဖြစ်တယ်။

September 12, 2008 Posted by | Knowledge, News | Leave a comment

မောက်စ်မြှားလေး

မောက်စ်မြှားလေးကိုလည်း Print Screen ဖမ်းချင်ပါတယ်

အမေး

ကျွန်တော်သည် ကွန်ပျူတာ သင်ခန်းစာများကို ရေးသားနေသူ ဖြစ်ပါတယ်။ အဲဒီလိုရေးရာမှာ ကွန်ပျူတာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ပုံများကို Print Screen ဖမ်းရပါတယ်။ ဒါပေမယ့် မြှားဦးလေး ပါမလာပါ။ ၎င်းအတွက် သုံးနိုင်တဲ့ Print Screen ဆော့ဖ်ဝဲ တစ်ခုခုကို ညွှန်ပေးစေလိုပါတယ်။

အဖြေ

Print Screen ဖမ်းယူရာမှာ လှုပ်ရှားနေတဲ့ အရာများ မပါတတ်ပါ။ တစ်ချို့ က Alt ကီးကို နှိပ်ထားပြီး ဖမ်းတတ်ကြပါတယ်။ သေချာတာကတော့ သီးခြားဆော့ဖ်ဝဲ တစ်ခုခုကို သုံးရပါမယ်။ ဥပမာ Gadwin Print Screen ဆိုပါတော့။ ၎င်းကို အင်တာနက်ကနေ အခမဲ့ ရယူနိုင်ပါတယ်။လိပ်စာက http://www.gadwin.com/printscreen/ ဖြစ်ပါတယ်။ ဗီဒီယိုလို လှုပ်ရှားနေတဲ့ ပုံကို ဖမ်းချင်ရင် CyberLink PowerDVD သို့မဟုတ် Screen Video Recorder ကို သုံးနိုင်ပါတယ်။ Print ScreenDeluxe 6.0(American Systems), CaptureEze Pro ကဲ့သို့ အခြား ဆော့ဖ်ဝဲ များလည်း ရှိပေမယ့် မသုံးဖူးပါ။

ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ သြဂုတ်လ၊ အမှတ် ၁၇၄

September 12, 2008 Posted by | အမေး > အဖြေ, Knowledge | 1 Comment

ဘယ်လို format မျိုးဖြစ်ပါစေ

အမေး

ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ပုံများကို ပေးလိုက်တာ ဖွင့်မရပါ။ သူ့ဆီမှာတုန်းက ဖွင့်ကြည့်ပြီးပါပြီ။ ကျွန်တော့ ကွန်ပျူတာနဲ့ ဘာဖြစ်လို့ ဖွင့်မရတာလဲ။ ပုံတွေက အပြာရောင် ခလုပ်လို icon ဖြစ်ပြီး extension က .PSP ဖြစ်ပါတယ်။

အဖြေ

(Extension) .PSP သည် Paint Shop Pro image များကို ဆိုလိုပါတယ်။ မောင်ရင့် ကွန်ပျူတာမှာ Paint Shop Proဆော့ဖ်ဝဲ မရှိလို့ ဖွင့်မရ တာပါ။ ဒါပေမယ့် Paint Shop Pro ကို ပင်ပန်းခံ ရှာမနေပါနဲ့။ Format မျိုးစုံကို ဖွင့်လို့၊ ကြည့်လို့ရတဲ့ ဆော့ဖ်ဝဲ တစ်ခုခုကို အင်တာနက်မှ download ချလိုက်ပါ။ Xn View (email: webmaster@xnview.com), Irfan-View (http://irfanview.tuwien.ac/), Ivan View (www.ivanview.com) စသည် ဖြစ်ပါတယ်။ ၎င်းဆော့ဖ်ဝဲ အချို့ သည် ပုံ format အမျိုးအစား ၆၀ လောက်ကို ဖွင့်နိုင်ကြပြီး အချို့ သည် ပုံ များကို format ပြောင်းခြင်း၊ ပြုပြင်ခြင်းစသည် ပြုလုပ်နိုင်ကြပါသည်။ PSP video files များလည်းရှိလို့ Abdio Free PSP Player နဲ့ ဖွင့်နိုင်ပါတယ်။
ကွန်ပျူတာနယ်ပယ်မှာ ပုံ format သို့မဟုတ် extension များစွာ ရှိနေလို့ ပုံ (ဖိုင်) တွေ့တိုင်း ဖွင့်လို့ရမယ် မဟုတ်ပါ။ Viewer ဆော့ဖ်ဝဲ တစ်ခုခုကို ဆောင်ထားသင့်ပါတယ်။

ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၇၅

September 12, 2008 Posted by | အမေး > အဖြေ, Knowledge | Leave a comment

Firmware & BIOS

Firmware

Firmware ဆိုတာ hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာအားဖြင့် micro controller လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း Firmware က hardware နဲ့ software ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ software လိုပဲ ၎င်းဟာ micro processor ဒါမှမဟုတ် micro controller က လည်ပတ် လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ် တစ်ခုဖြစ်တယ်။ ဒါပေမယ့် hardware ပိုင်းအစနဲ့ တင်းကျပ်စွာ ချိတ်ဆက်နေတဲ့ အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။

ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ သူတို့ကိုယ်နှိုက်က ကိုယ်ပိုင် software ကို run တဲ့ အထူးပြု ကွန်ပျူတာ တွေ ဖြစ်တယ်။ ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း software (“firmware”) သိမ်းဆည်း ပါရှိတယ်။ ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ firmware ကို အိမ်ရှင် host system မှ ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ် ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ တွေက တွေ့ရှိလာတယ်။ ရလဒ် အဖြစ် လက်ရှိ hardware အများစုဟာ ၎င်းလိုအပ်တဲ့ Firmware ကို host ကွန်ပျူတာတွေထဲ မသွင်းမချင်း အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ ဒီလို Firmware အလုပ်ဝန်ကို device driver ကကိုင်တွယ်ပေးပါတယ်။

BIOS

Basic Input / Output System IBM PC တွေမှာ ပါဝါ ဖွင့်လိုက်စဉ် run တဲ့ Firmware code ကိုရည်ညွှန်းပါတယ်။ BIOS ရဲ့ ပင်မ လုပ်ငန်း ဆောင်တာက hardware,floppy နဲ့ optical drives လို hardware အစိတ်အပိုင်းတွေ ဖော်ထုတ် နှိုးဆွ ပေးဖို့ရာပဲ။ မီဒီယာ အမျိုးမျိုးအပေါ် သိုလှောင် ထားတဲ့ အခြား software ပရိုဂရမ်တွေ အနေနဲ့ ခေါ်တင်၊ လုပ်ဆောင်၊ PC အပေါ် ထိန်းချုပ်မှု ရယူနိုင်စေဖို့ရာ စက်ကို ပြင်ဆင်ပေးခြင်းဖြစ်တယ်။ ဒီနည်းစဉ်ကို booting, booting up လို့ ခေါ်ကြတယ်။

ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၇၅

September 12, 2008 Posted by | Knowledge | Leave a comment

Follow

Get every new post delivered to your Inbox.