i-Collection

Softwares & Knowledge Bank

Website Checking

Website တွေကို စိစစ်မယ်

ဒီတစ်ခါတော့ မိတ်ဆွေတို့ကို Windows ကွန်ပျူတာမှာ DNS Mapping လုပ်တဲ့အခါ အသုံးဝင်တဲ့ Hosts ဖိုင်လေးအကြောင်းကို ပြောပြပေးပါ့မယ်။

DNS Mapping ဆိုတာက IP Address နဲ့ Domain Name ကို ကိုက်ညှိပေးတဲ့သဘော ဖြစ်ပါတယ်။ Windows စနစ်သုံး ကွန်ပျူတာတွေမှာ Hosts ဖိုင်တစ်ခုရှိတတ်ပြီး အသုံးပြုတဲ့ Operating System ပေါ်မူတည်လို့ Hosts ဖိုင်ရဲ့နေရာ ကွဲပြားလေ့ရှိပါတယ်။ Hosts ဖိုင်ထဲမှာ DNS Mapping လုပ်ဖို့ ရေးသားထားပြီး ဒီ Hosts ဖိုင်ကို အသုံးပြုကာ Website တွေကို စိစစ်လို့ရပါတယ်။ ဒီ Hosts ဖိုင်ကို အသုံးပြုပြီး မလိုလားအပ်တဲ့ Website တွေကို ကြည့်လို့မရအောင် ကာကွယ်လို့ရသလို Website ကြည့်တဲ့အခါ အချိန်ကြာမြင့်စေတဲ့ ကြော်ငြာ Website တွေကိုလည်း ပိတ်ထားနိုင်မှာပါ။ Windows XP မှာဆိုရင် Hosts ဖိုင်ကို C:\Windows\system32\Drivers\etc အောက်မှာ တွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီ Hosts ဖိုင်ဟာ Read Only အနေအထား ဖြစ်နေတတ်တဲ့အတွက် ပထမဆုံးအနေနဲ့ ပထမဆုံးအနေနဲ့ Hosts ဖိုင်ကို Right-click နှိပ်ပြီး Properties ကနေ Read Only ကို ဖြုတ်ပစ်ရပါမယ်။ ပြီးရင်တော့ Hosts ဖိုင်ကို Notepad နဲ့ဆက်ဖွင့်လိုက်ပါ။

အခု ဆက်လုပ်ရမယ့်အပိုင်းကတော့ Website တစ်ခုကို ကိုယ့်စက်မှာ ကြည့်လို့မရအောင် လုပ်တဲ့အပိုင်းပါ။ ဥပမာအနေနဲ့ http://www.bagan.net.mm ကို သင့်ကွန်ပျူတာမှာ ကြည့်လို့မရအောင် လုပ်ချင်တယ်ဆိုပါစို့။ ဒါကို ဘယ်လိုလုပ်လို့ရမလဲ၊ သိပ်ခက်ခဲမှာလားလို့ သင့်အနေနဲ့ မေးစရာရှိပါတယ်။ ဒီလို Website ကို ဖွင့်လို့မရအောင် လုပ်တဲ့ကိစ္စက သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့အတိုင်း Hosts ဖိုင်ထဲမှာ ရိုက်ထည့်ပြီး ဖိုင်ကို Save လုပ်လိုက်ပါ။ ပြီးရင် စက်ကို Restart ပြန်လုပ်ကြည့်လိုက်ပါ။ ဒါဆိုရင် ခုနက IP Address ဟာ DNS Mapping လုပ်ပြီးသား ဖြစ်သွားပါပြီ။ မိတ်ဆွေတို့အနေနဲ့ Browser တစ်ခုခုကို ဖွင့်ပြီး ခုနက Web Address ကို ပြန်ရိုက်ထည့်လိုက်မယ်ဆိုရင် အဲဒီ Website ကို ကြည့်လို့မရတော့တာကို မြင်တွေ့ရမှာပါ။

Hosts Code

ဒီလိုနည်းနဲ့ ကိုယ်မကြည့်စေချင်တဲ့ Website တွေကို စိစစ်ထားလို့ရပါတယ်။ မိတ်ဆွေတို့အနေနဲ့ Website တွေကို စိစစ်နိုင်ဖို့အတွက်ကတော့ Spybot က Browser Hijack တွေပါတဲ့ Website လိပ်စာစာရင်းနဲ့ mvps.org က ပြုစုထားတဲ့ ကြော်ငြာ Website စာရင်းတွေကို တစ်စုတည်းပေါင်းစည်းထားတဲ့ Hosts ဖိုင်ကို http://www.mmtimes.com/download/hosts မှာ ရယူနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ ကိုယ်မကြည့်စေချင်တဲ့ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Website တွေကို အပေါ်မှာ ဖော်ပြပေးထားတဲ့ နည်းလမ်းလေးကို အသုံးပြုပြီး ဖွင့်လို့မရအောင် လုပ်ဆောင်နိုင်ပါပြီ။

…….အားလုံးအဆင်ပြေကြပါစေ…….

August 31, 2009 - Posted by | Knowledge, Web Site | ,

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: