i-Collection

Softwares & Knowledge Bank

File Transfer

ကြီးမားတဲ့ file တွေကို ပို့ဆောင်ဖို့ နည်းလမ်း (၇) မျိုး

အခုအချိန်မှာ Gmail ဟာ attachment ကို 20 MB အထိ လက်သင့်ခံလိုက် ပါပြီ။ ဒါပေမယ့် အင်တာနက် ဆက်သွယ်ရေး နှေးကွေးနေတဲ့ အချိန်မျိုးတွေနဲ့ Gmail ကို သုံးစွဲရခက်ခဲသူတွေ အတွက် တော့ အိမ်မက်တစ်ခု ဖြစ်နေဆဲပါ။ အခုနေရာတွေကနေ ကြိုးစားကြည့်နိုင်ပါတယ်။

http://www.yousendit.com
လူသိအများဆုံး အခမဲ့ ၀န်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ပါတယ်။ account တစ်ခုကို ဖန်တီးစ ရာမလိုဘဲ 100 MB အထိ ပို့ဆောင်လို့ရသလို yousendit ရဲ့ account တစ်ခု ဖန်တီးလိုက်တဲ့ အခါ မှာတော့ ပြီးပြည့်စုံတဲ့ ဖိုင်ပို့ဆောင်မှု လုပ်ငန်း တစ်ခု ရရှိသွားပါလိမ့်မယ်။ yousendit ထဲကို ကိုယ့်ရဲ့ ဖိုင်တွေကို upload တင်လိုက်ပြီဆိုတာနဲ့ email ထဲကို အကြောင်းကြားတဲ့ စာတစ်ဆောင်ကိုရော ကိုယ်ပို့လိုက်တဲ့ email လိပ်စာရှင်ဆီရောအကြောင်းကြားစာ ရောက်ပါတယ်။ အဲဒီစာထဲမှာ download ရယူနိုင်ဖို့ ‘link’ အကြောင်းကလေးတစ်ခု (ထင်ထင် ရှားရှား) ပါဝင်ပါတယ်။ အခမဲ့ user တွေကို ခုနစ်ရက်တာကာလအတွက် သုံးစွဲခွင့် ပြုထားပြီး ကြော်ငြာတွေကိုတော့ လက်ခံရ ပါလိမ့်မယ်။ တကယ် လို့ download limit time ခုနစ်ရက်ကို ကြိုက်နှစ်သက်မှု မရှိရင်တော့ တစ်လကို ၅ ဒေါ်လာနှုန်းနဲ့ preminum account ၀ယ်ယူရပါမယ်။

http://www.megaupload.com
အကန့်အသတ်နဲ့အခမဲ့ပေးထားပါတယ်။ 500 MB ပမာဏ ဖိုင်တွေကို upload လုပ်ခွင့် ရှိပါတယ်။ you sendit လိုပဲ အခပေးနဲ့ အခမဲ့ ခွဲခြားထားတဲ့ file transfering ၀န်ဆောင်မှု တစ်ခုပါ။ ဒါ့အပြင်မှာ megaupload toolbar တစ်ခုကို လက်ဆောင် ထည့်သွင်းပေး ထားပြီး လိုအပ်သလို download ရယူနိုင်ပါတယ်။ အဲဒီ အခမဲ့ toolbar ဟာ အင်တာနက် ပေါ်မှာ ရှိတဲ့ megaupload သုံးစွဲနေတဲ့ လူတိုင်းရဲ့ အများပြည်သူ ကြည့်ရှုခွင့်ရှိတဲ့ ဖိုင်မှန်သမျှကို ရှာဖွေပေးပါတယ်။ ကိုယ့်ဖိုင်တွေ ကို သက်ဆိုင်တဲ့လူ မသိစေချင်ရင် တော့ zip/rar ချုံ့ပြီး password ပေးပြီး upload လုပ်ရပါမယ်။

http://www.zupload.com
အလွန် လွယ်ကူရိုးစင်တဲ့ နည်းပညာတွေကြောင့် upload/download နဲ့ မယဉ်ပါးတဲ့လူတွေ တောင်မှ အကျွှမ်းတ၀င်ဖြစ်သွားနိုင်ပါတယ်။ 500 MB ပမာဏ အထိ share လုပ်ခွင့် ပေးအပ်ထားတဲ့ အပြင် အခမဲ့ သုံးစွဲသူတွေကို download day (တစ်လ) အတိုင်းအတာပေးထားတဲ့ အတွက် စိတ်ကျေနပ်ဖွယ်ရာ ဖြစ်ပါတယ်။ ဒါ့အပြင်မှာ desktop အတွက် client program ပရိုဂရမ်ငယ်တစ်ခုကို ဖန်တီးပေးထာရာမှာ mac, windows OS နှစ်မျိုးစလုံးမှာ သုံးစွဲနိုင်ပါတယ်။

http://www.Mailbigfile.com
UK အခြေစိုက် Mailbigfile ဟာ yousendit လို features တွေ ပါဝင်ပါတယ်။ မှတ်ပုံတင်စရာ မလိုဘဲ 100 MB အခမဲ့ ပေးပို့နိုင်ပါတယ်။ တစ်နှစ်ကိုဒေါ်လာ ၂၀ လောက် သုံးစွဲနိုင်မယ်ဆိုရင်တော့ အကန့်အသတ်မရှိဘဲ နေရာပမာဏ နဲ့ အချိန်ပမာဏကို ရရှိစေမှာပါ။ web 2.0 လောကမှာ အထင်ရှားဆုံးဖြစ်တဲ့ ဒီကုမ္ပဏီလေးဟာ တစ်လမှာ user တစ်ယောက်တည်းစီကနေ ၂၅ ကြိမ်ဒါမှမဟုတ် အဲဒီနဲ့ အထက်ကို download/upload အခမဲ့ လုပ်ဆောင်နေတဲ့ တွေခဲ့ရင်တော့ IP ကို မှတ်သား black list တင်တတ်ပါတယ်။

http://www.dropsend.com
250 MB အခမဲ့ ပေးအပ်ပြီး တစ်လမှာ ငါးခါထက် မနည်း upload တင်ခွင့် ရှိပါတယ်။ တစ်လမှာ ငါးဒေါ်လာ ပေး သွင်းပြီး premium account ၀ယ်ယူနိုင်ပါတယ်။ 1 GB ပမာဏနဲ့ တခြားခံစားခွင့်များ ရရှိနိုင်ပါလိမ့်မယ်။

http://www.leapfile.com
ကုမ္ပဏီအသင်းအဖွဲ့တွေနဲ့ စီးပွားရေးအင်အားစုတွေကို ရည်ရွယ်ပြီး ပေါ်ထွက်လာခဲ့တဲ့ leapfile ကို ကိုယ်ပိုင် သုံးစွဲခွင့် တွေအတွက် မှတ်ပုံတင်စာရင်း ဖြည့်ရပါမယ်။ တစ်လမှာ ၁၅ ဒေါ်လာနှုန်းနဲ့ 1 GB ပမာဏကို share/transfer လုပ်နိုင်ပြီး လုံခြုံရေး မြင့်မာမှုကို လိုချင်တဲ့လူတွေ အတွက် သင့်တော်ပါတယ်။

http://www.mediamax.com
Kodak ဖလင်ကုမ္ပဏီရဲ့ sharing ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အခမဲ့ account အတွက် အီးမေးလ်လိပ်စာလေး တစ်ခုရှိနေရုံနဲ့ 25 GB storage ပေးအပ်ပြီး တစ်လမှာ 10 MB ပမာဏကိုသာ ပို့ဆောင်နိုင်ပါတယ်။ တကယ်လို့ အကန့်အသတ်မရှိ ပို့ဆောင်ချင်ရင်တော့ $4.95/month နှုန်းထားနဲ့ ၀ယ်ယူရပါလိမ့်မယ်။

ဇေယျာစံ
Knowledge 1000+
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ ဧပြီလ၊ အမှတ် ၁၇၀)

June 14, 2008 - Posted by | Knowledge, Web Site

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: