i-Collection

Softwares & Knowledge Bank

Data ပျောက်ဆုံးမှု

ပျောက်ဆုံးနေသော data များကို ပြန်လည်ဖော်ထုတ်ခြင်း

ကွန်ပျူတာများသည် အချက်အလက်များကို သိမ်းဆည်းထားသည်ဆိုသည်မှာ ကုန်လှောင်ရုံများကဲ့သို့ မြင်တွေ့ရခြင်းမဟုတ်ပါ။ စာရွက်ပေါ်တွင် ရေးမှတ်ခြင်းမျိုးလည်း မဟုတ်ပါ။ အီလက်ထရွန်နစ် နည်းပညာ သို့မဟုတ် လေဆာနည်းပညာများကို အခြေခံပြီး တည်ဆောက်ပုံ ပြောင်းလဲကာ သိမ်းဆည်း ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ အဆိုပါအချက်အလက်များသည် အမြဲတမ်း လုံခြုံစွာ ရှိနေနိုင်မည် မဟုတ်ပါ။ ထိုအတူ data ပျောက်ဆုံးမှုများလည်း ရှိနေမည်ဖြစ်သည်။
လက်ရှိအားဖြင့် ပီစီ ကွန်ပျူတာများတွင် ဟာ့ဒ်ဒစ်ကို သုံးနေကြဆဲဖြစ်သည်။ သို့ဖြစ်၍ data ပျောက်ဆုံးမှု သည် ဟာ့ဒ်ဒစ်များအပေါ်တွင် မူတည်နေသည်။ လျှပ်စစ်စီးဝင်မှု မမှန်ခြင်း၊ ကြမ်းတမ်းစွာထိခိုက်မိခြင်း၊ ဆော့ဖ်ဝဲ အသုံးပြုမှု မှားယွင်းခြင်း စသည့် အချက်များကြောင့် data များ ပျက်စီးပျောက်ဆုံးမှု ဖြစ်ကြ ပါ သည်။
၎င်းပျက်စီးပျောက်ဆုံးမှုကို ကာကွယ်ရန်မှာ backup လုပ်ငန်းစဉ်ကို စနစ်ကျစွာ ပြုလုပ်ထားရန် ဖြစ်သည်။ ဒုတိယ အချက်မှာ ဝင်းဒိုးစ်စနစ်၏ recovery လုပ်ငန်းစဉ် သို့မဟုတ် သီးခြား ဆော့ဖ်ဝဲများ သုံးကာ ဟာ့ဒ်ဒစ်မှ ပြန်လည် ဖော်ထုတ်ခြင်း ဖြစ်သည်။
Vista တွင် built-in ပါသည့် search tool သည် XP ထက်ပင် ပိုမိုကောင်းမွန်သည်ဟု ဆိုသည်။ သို့ရာတွင် XP သုံးသူများအတွက် Windows Desktop Search (4.7MB) ကို သုံးနိုင်သည်။၎င်းကို Microsoft website အခမဲ့ download ရယူနိုင်ပါတယ်။
Vista သုံးသူများအတွက်လည်း Previous Versions (Shadow Copies) ကို သုံးနိုင်သည်။ Shadow Copy ကိုVolume Snapshot Service(VSS) ဟုလည်း ခေါ်ကြပြီး Window Vista တွင် Previous Versions အဖြစ်ပါဝင်သည်။ ၎င်းသည် backup ကဲ့သို့ လုပ်ငန်းစဉ်ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက် သည် ရှာဖွေမှု လုပ်ငန်းစဉ်တွင် အသုံးဝင်သည်ကို တွေ့ရသည်။ မတော်တဆ ဖျက်မိခြင်းနှင့် overwrite လုပ်မိသည့် ဖိုင်များကိုလည်း ပြန်လည်ရှာပေးပါလိမ့်မည်။
XP အသုံးပြုသူများအတွက် System Restore လုပ်ငန်းစဉ် ရှိထားပြီး ဖြစ်သည်။ ၎င်းသည် လက်ရှိ ပျောက်ဆုံးနေသော ဖိုင်များကို ပြန်လည်ဖော်ထုတ်ရာတွင် နောက်ကြောင်းပြန်ရှာသည့် လုပ်ငန်းစဉ်ဟု ဆိုနိုင်သည်။ ၎င်းအစား သီးခြားဆော့ဖ်ဝဲ တစ်ခုဖြစ်သည့် FreeUndelete 2.0 ကိုသုံးနိုင်ပါသည်။
မည်သည့် data ပျောက်ဆုံးမှု မျိုးကိုမဆို ရှာဖွေဖေါ်ထုတ်ပေးနိုင်ရန် ဆော့ဖ်ဝဲ များစွာ ထုတ်လုပ်ထား ပါ သည်။ ၎င်းတွင် Restoration software (File Undelete Utility) သို့မဟုတ် Diskeeper Undelete5 (diskeeper.com) များသည် အသုံးများသော ဆော့ဖ်ဝဲများ ဖြစ်ကြပါသည်။

SystemWorks ၏ဖိုင်ရှာဖွေဖေါ်ထုတ်မှု

File recovery ပရိုဂရမ်များသည် ကွန်ပျူတာတွင် သင် အလုပ် လုပ်နေစဉ် နောက်ကွယ်မှ ဖိုင်များကို save လုပ်သိမ်းပေးနေတတ်သည်။ ၎င်းတို့တွင် Norton System Works သည် ထင်ရှားပါသည်။ ၎င်းသည် ကွန်ပျူတာစနစ်ကို စစ်ဆေးပေးခြင်း၊ ရှင်းလင်းခြင်း၊ ပြုပြင်ခြင်းနှင့် အရှိန်မြှင့်ပေးခြင်းများ ပြုလုပ်ပေးသည်။ ပေါ်ပေါက်လာသည့် ပြဿနာများကို အမျိုးအမည်ဖေါ်ထုတ်ပေးခြင်း၊စသည်ဖြင့် ဆောင်ရွက်နိုင်သည်။ ၎င်းတွင် Norton Utilities, Norton Cleanup, System Optimixer, Process Viewer, Checkit Diagnostics စသည့် ဆောင်ရွက်ချက်များစွာ ပါဝင်သည်။

Restoration ၏ကုသချက်

Restorationသည် 229Kb အရွယ်အစားရှိပြီး Brian Kato မှ ထုတ်လုပ်သည့် အခမဲ့ ရယူနိုင်သော ဆော့ဖ်ဝဲဖြစ်သည်။ အသုံရ လွယ်ကူပြီး recycle bin ထဲမှ ရှင်းထုတ်ပြီးသော ဖိုင်များကို ပြန်လည် ဖေါ် ထုတ် ပေးနိုင်သည်။ ထို့အတူ flash card ထဲမှ ပျောက်ဆုံးနေသော ဓါတ်ပုံများကိုလည်း ရှာဖွေ ဖော် ထုတ် ပေးသည်။ Fat နှင့် NTFS format နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည်။
Restoration ကို အသုံးပြုရာတွင် မည်သည့် နေရာမှ ဖိုင်များကို ရှာဖွေမည် သို့မဟုတ် ဟာဒ်ဒစ် တစ်ခုလုံးတွင် ရှာမည်ဆိုသည်ကို ညွှန်ပေးရသည်။ ဝင်းဒိုးစ်၏ search tools နှင့် မတူသည့်အချက်မှာ Restoration သည် လွန်ခဲ့သော အချိန်အတိုင်းအတာ တစ်ခုခုမှ ဖိုင်များကို ခြေရာခံ ရှာဖွေ ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပျောက်ဆုံးနေသော data များကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခြင်းလည်း ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို install လုပ်ရန်မလိုဘဲ တိုက်ရိုက်သုံးနိုင်သည်။ Flash drive ကဲ့သို့ ပြင်ပချိတ်ဆက် ပစ္စည်းများမှလည်း သုံးနိုင်ပါသည်။
ကုမ္ပဏီလုပ်ငန်းကဲ့သို့ အလွန်ကြီးမားသော ပျောက်ဆုံး data ရှာဖွေ ဖော်ထုတ်မှုမျိုးအတွက် Ontrack Data Recovery ကိုသုံးကြသည်။ ၎င်းသည် Hard Disk Recovery, Laptop Recovery, Digital Photo Recovery, Server Recovery, Email Recovery, Tape Recovery, RAID Recovery, Mobile Device Recovery စသည့် လုပ်ငန်းစဉ် များကို ပြုလုပ်ပေးနိုင်သည်။

ကွန်ပျူတာမှာ ပြင်ဆင်စရာများ
(ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ ဇွန်လ၊ အမှတ်၁၇၂)

August 29, 2008 - Posted by | Knowledge

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: