i-Collection

Softwares & Knowledge Bank

A WiMax Primer

Wi Max ဆိုတာဘာလဲ

Wi Max ဆိုတာ World Wide Interoperability for Microwave Access ရဲ့  အတိုကောက် ဖြစ်ပါတယ်။ ရေဒီယို ကြိမ်နှုန်းခွင်တွေ သုံးပြီး digital bits ပမာဏများစွာကို ကြိုးမဲ့စနစ်နဲ့ ထုတ်လွှတ် ချိတ်ဆက်နိုင်မယ့် နည်းပညာ ဖြစ်တယ်။ mobile computer နဲ့ handhelds တွေကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တဲ့ Wi-fi wireless network တွေကို ထပ်ဆင့် တိုးချဲ့ မွမ်းမံ ထားတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ broadband entertainment နဲ့ internet acess တွေဟာ fiber-optics cable line တွေအပေါ် အခြေခံ တည်ဆောက်ထားတာဖြစ်လို့ ကုန်ကျစရိတ် အင်မတန်ကြီးပါတယ်။ WiMax ဟာ ကြိုးမဲ့ ရေဒီယို နည်းပညာကို အသုံးပြုထားတာကြောင့် ကုန်ကျစရိတ် များစွာသက်သာတယ်။

Wi-Fi နဲ့ WiMax ဘာကွာသလဲ

လက်ရှိ လေဆိပ်၊ ကော်ဖီဆိုင်၊ ဟိုတယ်တွေမှာ Hotspot တွေထားပြီး အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်အောင်လုပ်ထားတဲ့ Wi-fi စနစ်ဟာ မီတာအနည်းငယ်လောက် အကွာအဝေးထိ ချဉ်းကပ်ပြီးမှ ဆက်သွယ်လို့ရတယ်။ WiMax ကတော့ မိုင် ၃၀ အကွာအဝေးက လှမ်းဆက်သွယ်နိုင်တယ်။ အချက်အလက် သယ်ဆောင် ၀င်ဆံ့မှုအားမှာလည်း အဆ ၅၀ ပိုလာမယ်။

အသုံပြုသူတွေအတွက် WiMax ကဘာတွေ ပေးစွမ်းမလဲ

TV,TiVo,note book PC နဲ့ Smart phone အသုံးပြုသူတွေအားလုံးမှာ WiMax access chip တပ်ဆင်လိုက်တာနဲ့ နှုန်းမြန် အင်တာနက်ချိတ်ဆက်မှုတွေကို သွားလာလှုပ်ရှားရင်း ကြိုးမဲ့စနစ်နဲ့ အသုံးပြုလာနိုင်တယ်။ Ultrafast,Web surfing,video telephone calls နဲ့ Movie viewing တွေကို အင်တာနက် ဆက်ကြောင်းကနေ လုပ်ဆောင်လာနိုင်တယ်။ အပြိုင်အဆိုင် လုပ်ဆောင်လာတာနဲ့အမျှ ကုန်ကျစရိတ်တွေလည်း သက်သာလာမယ်။

(ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ ဧပြီလ၊ အမှတ် ၁၇၀)

July 18, 2008 - Posted by | Knowledge

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: