Media Management
Avidemux 2.4.1 (Video Editing Tool)
11.9 MB ပမာဏရှိပြီး အခမဲ့ ရယူနိုင်တဲ့ Freeware ဖြစ်ပါတယ်။ Windows 2000 / XP နဲ့ Vista တို့ရှိမှ သုံးစွဲနိုင်ပါလိမ့်မယ်။ ဘယ်လိုကန့်သတ်ချက်တွေမှ မရှိပါဘူး။
Avidemux ဟာ ဗီဒီယိုတည်းဖြတ်တဲ့ ဆော့ဖ်ဝဲဖြစ်ပြီး ရိုးရှင်းတဲ့ တည်းဖြတ်ခြင်း Filtering နဲ့၊ Encoding Task ကိစ္စပြုလုပ်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ File အမျိုးအစားအမြောက်အမြားကို လက်ခံပြီး AVI, DVD နဲ့ ကိုက်ညီတဲ့ MPEG File တွေ၊ MP4 နဲ့ ASF တို့လို File တွေကိုပါလက်ခံပါတယ်။


VSO Image Resizer 2.0.1.7 (Image Editing Tool)
4.77 MB ပမာဏရှိပြီး အခမဲ့ရယူနိုင်တဲ့ Freeware ဖြစ်ပါတယ်။ Windows 2000 / XP နဲ့ Vista တို့ထဲက တစ်ခုခုရှိရင် သုံးစွဲနိုင်ပါတယ်။ ကန့်သတ်ချက်တွေ မရှိပါဘူး။
VSO Image Resizer ဆော့ဖ်ဝဲဟာ ဓါတ်ပုံတွေကို Resolution ပြောင်းပေးနိုင်သလို ချုံ့တာတွေ၊ စုစည်းတာ တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ သုံးစွဲသူတွေအတွက် ပေါ့ပါးပြီး လွယ်ကူစွာ အသုံးပြုနိုင်ဖို့ ဖန်တီးပေးထားတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ ရုပ်ပုံတွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပြီး အချိန်အပြောင်းအလဲတွေလည်း လုပ်နိုင်ပါသေးတယ်။


Like this:
Like Loading...
Related
July 15, 2008 -
Posted by ktlinn2008 |
Freeware
No comments yet.
Leave a Reply