i-Collection

Softwares & Knowledge Bank

Shareware & Freeware

Shareware ဆိုသည်မှာ

Shareware သည် ကွန်ပျူတာသုံး ဆော့ဖ်ဝဲ အမျိုးအစားဖြစ်၍ ဆော့ဖ်ဝဲများ ထုတ်လုပ် ရောင်းချ မှုတွင် ဈေးကွက်ဆိုင်ရာ နည်းပညာ တစ်ခုအဖြစ် အသုံးချ ထားခြင်းဖြစ်သည်။ ၄င်းကို အင်တာနက် ၀က်ဘ်ဆိုက်များမှ ဖြစ်စေ၊ ကွန်ပျူတာ မဂ္ဂဇင်း စာအုပ်များCD/DVD ချပ်များမှ ဖြစ်စေ၊ အခမဲ့ ရယူနိုင်ပြီး အဆိုပါ ဆော့ဖ်ဝဲ (ပရိုဂရမ်) များကို စမ်းသပ် သုံးစွဲရန် ဖြစ်သည်။ သို့ဖြစ်၍ shareware ကို “try before you buy” ဟု ညွှန်းဆို ကြပါသည်။ ထိုသို့ စမ်းသပ် သုံးစွဲစဉ် အတွင်း တန်ဘိုး အနည်းငယ် ပေးချေရန် မေတ္တာရပ်ခံ တတ်ကြသည်။ သို့မဟုတ် မှတ်ပုံတင်ရန် တောင်းဆို တတ်ကြပါသည်။ ဆော့ဖ်ဝဲ အများစုမှာ အမြဲတမ်း သုံးစွဲနိုင်ပြီး နောက် version အသစ်ထွက်လျှင် ၀ယ်ရန် တိုက်တွန်း ပါလိမ့်မည်။ အချို့ shareware ဆော့ဖ်ဝဲ များတွင် ဆောင်ရွက် နိုင်ချက်များကို အကုန်ထည့် မထားဘဲ အခမဲ့ ပေးထားသည့် shareware ကို နှစ်သက် သဘောကြပါက full version ကို ၀ယ်ယူရန် ပြောပါလိမ့်မည်။ တချို့က shareware သုံးသူ၏ အီးမေးလ် လိပ်စာကိုသာ တောင်းခံ တတ်ကြပြီး အဆိုပါ အီးမေးလ် လိပ်စာကို အခြားကိစ္စ တစ်ခုခု အတွက် အသုံးပြု သွားပါလိမ့်မည်။ shareware ဟူသော စကားလုံးကို ၁၉၈၀ ပြည့်နှစ် နှစ်လယ် အချိန် ကာလများတွင် မိုက်ကရိုဆော့ဖ်ကုမ္ပဏီမှ ဆော့ဖ် ပညာရှင် တစ်ဦးဖြစ်သူ Bob wallace က သူ၏ စာစီ ဆော့ဖ်ဝဲ ဖြစ်သော PC-Write တွင် ပထမဆုံး ထည့်သွင်း ရေးသား ခဲ့ပါသည်။

Freeware ဆိုသည်မှာ

မူပိုင်ခွင့် အဖြစ် မှတ်ပုံတင် ထားပြီးသော ကွန်ပျူတာ လုပ်ငန်းသုံး ဆော့ဖ်ဝဲ ဖြစ်သည်။ ၄င်းကို အခမဲ့ ရယူနိုင်ပြီး မိမိ ကွန်ပျူတာတွင် သုံးစွဲ နိုင်ပါသည်။ သို့ရာတွင် သတ်မှတ်ထားသည့် အချိန် အတိုင်းအတာ တစ်ခု အတွင်းသာ ဖြစ်၍ ၄င်းအချိန် ကုန်လွန် သွားသည်နှင့် တန်ဘိုးကို ပေးချေ ရပါလိမ့်မည်။ သို့မဟုတ်ပါက ၄င်းဆော့ဖ်ဝဲကို ဆက်လက်သုံးစွဲ နိုင်မည် မဟုတ်တော့ပါ်။
အချို့ သောFreeware များကို အချိန် အတိုင်းအတာ မရှိ သုံးနိုင်သော်လည်း လုပ်ဆောင် ချက်များကို လျှော့ထားတတ်သည်။ ဥပမာအားဖြင့် antivirus တစ်ခုသည် အခမဲ့ ပေးထားပြီး ဗိုင်းရပ်စ်များကိုလည်း ရှာဖွေပေးပါလိမ့်မည်။ သို့ရာတွင် အဆိုပါ တွေ့ထားသော ဗိုင်းရပ်စ်များကို ဖယ်ထုတ် ရှင်းလင်း လိုပါက ၄င်းဆော့ဖ်ဝဲ အတွက် မှတ်ပုံတင်ပြီး တန်ဖိုး ပေးချေ ရပါလိမ့်မည်။
Freeware ဆိုသောစကားလုံးကို အမေရိကန် နိုင်ငံသား ပရိုဂရမ် ရေးသားသူ Andrew Fluegelman (1943-1985) သည် သူ၏ PC-Talk အမည်ရှိ ကွန်ပျူတာ ဆက်သွယ်ရေး ပရိုဂရမ်သည် ဈေးမြင့်နေ၍ ၎င်းကို ဈေးကွက် တိုက်ရိုက် မပို့ဘဲ Freeware ဟု တံဆိပ်ကပ်ကာ ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။ နည်မည်ရ၊ လူသိများလာသောအခါ Freeware ဟု တံဆိပ်ကပ်ကာ ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။
Freeware ဟူသော စကားလုံးကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ၎င်းသည် ကွန်ပျူတာသုံးသူ ပုဂ္ဂိုလ် တစ်ဦးအတွက်သာ သုံးရန်ဖြစ်ပြီး အဆိုပါ ဆော့ဖ်ဝဲကို အခြားသူတစ်ဦးဦးသို့ အကျိုးအမြတ်ရရန် ပေးခြင်း၊ ရောင်းချခြင်း မပြုရပါ။ စီးပွားဖြစ် ကော်ပီပွား ရောင်းချခြင်း မပြုလုပ်ရပါ။ ကျောင်းများ၊ သင်တန်း စသည့် အများသို့ သင်ကြားပို့ချရာတွင် အသုံးရပါ။ တစ်နည်းအားဖြင့် တစ်ဦးချင်းသို့ လေ့လာရန် တန်ဘိုး သုံညဖြင့် သတ်မှတ်ပေးခြင်းသာဖြစ်ပြီး ၎င်းသည် software မဟုတ်ပါဟု ဆိုထားပါသည်။

(ကွန်ပျူတာဂျာနယ် ၂၀၀၇ခုနှစ်၊ ဇွန်လ၊ အမှတ် ၁၀၆)

July 11, 2008 - Posted by | Knowledge

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: